နမ့်စန်(တ) ဇူလိုင် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အားမာန်သစ် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီ က အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အားမာန်သစ် လယ်/ထွေ အသင်းဥက္ကဌ ဦးကျော်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ပြုံးပပကြည်က အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးကျော်ရွှေက သမဝါယမအသင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော အသင်းသား ဦးဝင်းမြင့်၏သား မောင်သန့်စင်အောင်နှင့် ဦးပန္တ၏ သမီး မဇင်မာလှိုင်တို့ကို မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးကျော်ရွှေ နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ပြုံးပပကြည်တို့က ပညာရည်ချွန်ဆုအဖြစ် ဆုငွေသုံးသောင်းကျပ်စီကို ပေးအပ်ချီး မြှင့်ခဲ့သည်။
အဆိုပါအစည်းအဝေးအပြီးတွင် အားမာန်သစ် လယ်/ထွေအသင်းမှတာဝန်ရှိသူများက တက်ရောက်လာသော အသင်းသား၄၇ဦးကို အစုပေါ်အမြတ်ငွေ ၈၂၆၃၃၈ ကျပ်နှင့် စုဆောင်းငွေပေါ် အတိုး ၅၂၆၁၆၂၅ ကျပ်၊ စုစုပေါင်း ၆၀၈၇၉၆၃ ကျပ်အား စနစ်တကျခွဲ ဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်