မော်လမြိုင် ဇူလိုင်၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မော်လမြိုင်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် တင်ဒါအောင် ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၌ ရေရရှိရေးလုပ်ငန်းများ၊ ကုန်ထုတ်လမ်း/တံတား လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံ၍ တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ လုပ်ငန်းလမ်းညွှန်ချက် စံနှုန်းများအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် တက်ရောက်လာသော တင်ဒါအောင်ကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် သိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများနှင့်တာဝန်ခံ အင်ဂျင်နီယာများမှ ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်