ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညမထွက်ရအမိန့် အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ်နှိုးဆော်

ဗိုလ်တထောင်      စက်တင်ဘာ   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နှင့် ပတ်သက်၍       ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရ အမိန့်နှိုးဆော်ခြင်း ကို မြို့နယ်အတွင်းရှိ ရပ်ကွက်အားလုံးတွင်ယမန်နေ့ကလိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

ယင်းသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကြောင့် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင် သည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများ တွင်အထောက်အကူပြုရန်အတွက်ည(၁၂:၀၀)နာရီမှနံနက်(၄:၀၀)နာရီထိသတ်မှတ်နယ်နိမိတ် မှ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ လူစုလူ‌ဝေးပြုလုပ်ခြင်း မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားပြီး ဖြစ်၍ နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအကြောင်းကြားရန်၊ ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)ဖြင့်အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူများအား အသိပေးနှိုးဆော်မှု ကိုမြို့နယ်အတွင်းရှိရပ်ကွက်(၁၂)ရပ်ကွက်တို့ တွင်စဉ်ဆက်မပြတ် နှိုးဆော်လျက် ရှိကြောင်းသိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)