လဲချား ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်(Community Centre)ခန်းမတွင် ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက်အသိပညာပေး (Talk Show)များ ကျင်းပပြုလုပ်ရခြင်းကို ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုသည်မှာ၊ အကြမ်းဖက်မှု အမျိုးအစား များ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းအများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ၊ အကြမ်းဖက်မှုများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုပေးခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်၊ပြန်/ဆက်)