တံတားဦးမြို့နယ်တွင် မိုးနှမ်းများ ရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသူများအဆင်ပြေ

တံတားဦး ဇူလိုင်  ၂၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နှမ်းစိုက်ပျိုးတောင်သူများ ရိတ်သိမ်းပြီးဖြစ်ရာ နှမ်းစိုက်ပျိုးတောင်သူများ နှမ်းများအထွက်နှုန်းကောင်းမွန်သောကြောင်း ရေကမိုးကျေးရွာ တောင်သူ ဦးသိန်းဒီထံမှ သိရသည်။

တံတားဦးမြို့နယ်တွင်  မိုးနှမ်းများအား အချိန်မီစတင်၍ မိုးကြိုကြဲအဖြစ် ကြဲပက်စိုက်ပျိုးခဲ့ကြောင်း မိုးကြိုကြဲပက် စိုက်ပျိုးပြီးချိန်မှ စတင်ကာ မိုးရွာသွန်းမှုကောင်းကာအပင်များ အောင်မြင်ဖြစ်ထွန်းမှု အရှိန်မပြတ်ပဲနှမ်းများ၊ အပွင့်ပွင့်ချိန်နှင့် သီးလုံးဖြစ်ထွန်းချိန် မိုးရွာသွန်းမှုကောင်းသောကြောင့်  မိုးနှမ်းများ အထွက်နှုန်းကောင်းမွန်ကြောင်း နှမ်းစိုက်ပျိုးတောင်သူက ရှင်းပြသည်။

နှမ်းများကို ဧပြီလနှင့်မေလတို့တွင် မိုးစပါးများမစိုက်ပျိုးမီ ကြားကာလတွင် လယ်မြေများ၌ ကြဲပတက် စနစ်ဖြင့် အများဆံဒးစိုက်ပျိုးလေ့ရှိပါကြောင်း၊ တစ်ဧကလျှင်နှမ်းမျိုးစေ့နှစ်ပြည်ခန့်ကုန်ကျ၍ ရက်ပေါင်း (၉၀)နှင့်(၁၀၀)ကြားတွင် စတင်ရိတ်သိမ်းရပြီး အသီးကောင်းလျှင် တစ်ဧကပျှမ်းမျှအထွက်နှုန်း (၅)တင်းမှ(၁၀)တင်းခန့်ထွက်ရှိကြောင်း၊ နှမ်းပေါ်ချိန်တွင် တံတားဦးမြို့ပေါ် ပွဲရုံများသို့ သွားရောက် တင်ပို့ ရောင်းချကြသလို စားသုံးဆီဈေးကောင်းသောကြောင့် ဆီကြိတ်၍ ပြန်လည်ရောင်းချကြကြောင်း ယခုလိုစိုက်ပျိုးသော နှမ်းများမှာအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီးသီးနှံပေါ်ချိန်၌ ဈေးကောင်းရရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တံတားဦးမြို့ ပွဲရုံများတွင် ယခုလက်ရှိအချိန် တောင်သူများစိုက်ပျိုးကြသည့် နှမ်းအပေါ်မူတည်၍ ဝယ်ယူကြပြီးနှမ်းနက်တစ်တင်းကို ငွေကျပ်(၆၀၀၀၀)နှင့်အထက်ပေါက်ဈေးရှိပြီး ဆီကြိတ်လျှင်နှမ်း တစ်တင်းကို ဆီ ၇ ပိဿာခန့်ထက်ရှိကြောင်း အချို့တောင်သူများကနှမ်းများကို ဆီကြိတ်၍ရောင်းချပြီး နှမ်းဆီတစ်ပိဿာကို (၁၂၀၀၀)ခန့်ဖြင့်ပြန်လည်ရောင်းချရောင်းသိရသည်။

ရဲတင့်