လသာ စက်တင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများနှင့်အနီး ကပ်ထိတွေ့မှု ရှိ/ မရှိ (contact tracing) အရှိန် အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က အမှတ်(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆက်လက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ အမှတ် ၄ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာခြင်း၊ ဖျားနာခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိ/မရှိ (contact tracing) အရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)