အလုံ စက်တင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြိူ့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများနှင့် အလှူငွေများကို ယနေ့ ညနေ(၄)နာရီက အလုံမြို့နယ် ဆင်မင်းရပ်ကွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ရွိုင်ရယ်ဆင်မင်းကွန်ဒိုမိသားစုမှ PPE ဝတ်စုံ(၅၀)စုံနှင့် အလှူငွေ ကျပ် ၁၂၀၀၀၀ (ကျပ် တစ်သိန်းနှစ်သောင်း )အား ပေးအပ်လှူဒါန်းခဲ့ရာ အလုံမြို့နယ် ဆင်မင်း ရပ်ကွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်းသိရသည်။
တင်တင်ချို ပြန်/ဆက်