မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ အတွက် အစည်းအဝေးပြုလုပ်

မုဒုံ   စက်တင်ဘာ   ၁၀

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် ရေးလုပ်ငန်းများအတွက် ယနေနေ့လည်က မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနတွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါအစည်းဝေးပွဲသို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဆရာဝန်ကြီးဒေါက်တာမြင့်သိန်းဦး၊မြို့နယ်ရဲမှူး၊စခန်းမှူးနှင့်မေတ္တာစံအိမ်(Day Care Family)အသင်းမှတာဝန်ရှိသူများများက တက်ရောက်ကြရာ ကိုဗစ်−၁၉ပိုးတွေ့ လူနာကို စနစ်တကျပို့ဆောင်ရေး၊ ထိတွေ့ဆက်စပ်သူ(Contact)များရှာဖွေရေး၊ ပြည်နယ် သို့ သတင်းပို့ရေး၊ Quarantineစခန်းများတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရေး၊ဌာန ဆိုင်ရာများပူးပေါင်းဆောင်ရွက်ကြရန်နှင့်ရောဂါပိုးတွေ့သူများနှင့်ထိတွေ့သူများကိုရှာဖွေသည့် လုပ်ငန်းများတွင်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်အလွန်အရေးကြီးကြောင်း၊ထို့ကြောင့်ပြည်သူများအနေဖြင့်တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ကြရန်စသည့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၏အချက်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အောင်မျိုးသူ(မုဒုံ)