မိုင်းရယ် စက်တင်ဘာ ၁၀
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စျေးများအတွင်း နှာခေါင်းစည်းများ ဝေငှခြင်းနှင့် ဈေးဆိုင်ခန်းများ သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချမှုများ စစ်ဆေးခြင်းကို ယနေ့နံနက် (၅)နာရီက မိုင်းရယ်မြို့ ပျံကျဈေးနေရာ သတ်မှတ်ထားသည့် ဟန်နောင်လမ်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများအတွင်း နှာခေါင်းစည်းများဝေငှခြင်း နှင့်ဈေးဆိုင်ခန်းများ သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချမှုများ စစ်ဆေးခြင်းကို မိုင်းရယ် မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းစိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ဈေးသည်များအား Mask များ ဝေငှခြင်းနှင့် တစ်ဆိုင်နှင့်တစ်ဆိုင် သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချစေရေးများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်