ကာမိုင်း ဇူလိုင် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြီမ်တစ်ခါမှ မထိုးနှံရသေးသူနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများနှင့် နိုင်ငံ့၀န်ထမ်းများအား (Booster Doses)ထပ်ဆောင်းကာကွယ်ဆေးကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် (၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ ဆေးထိုးနှံပေးရာတွင် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ထွေ/အုပ်၀န်ထမ်းများမှ စာရင်းရေးသွင်းပေးခြင်း၊ ကာမိုင်းကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့၀င်များက အချိန်သတ်မှတ်ပေးခြင်း၊ ကျန်မားရေး၀န်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
ထိုကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် နိုင်ငံ့၀န်ထမ်း (၁၂)ဦး၊ အခြား၀င်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၈၆)ဦး၊ မှီခိုသူ (၂၃၄)ဦးတို့အား ဆေးအလုံးရေ (၃၃.၂)လုံးကို ဆေးတစ်လုံးလျှင် လူ (၁၀)ဦးနှုန်းဖြင့် လူဦးရေ (၃၃၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)