ပင်လောင်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ယနေ့ နံနက်ပိုင်းက နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာဘုန်းကြီးကျောင်း၌ ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ပထမအကြိမ်အဖြစ် ထောက်ပံ့ငွေကျပ် ၅၈၄၅၀၀၀/-ကို ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုဒုတိယအကြိမ်အဖြစ် တောင်ကြီးခရိုင်ဦးစီးမှူးရုံး မျိုးစေ့တာဝန်ခံ ဦးဆွေတင်သန်း၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်ဟေမာန်ဦး၊ ခရိုင်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဒေါ်နီနီဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးအောင်ကျော်နိုင်တို့က မိုးစပါးမျိုးစေ့ထုတ်တောင်သူ ၂၂ ဦးကို မျိုးကွဲပယ်ခြင်းနှင့် မျိုးသန့်စင်ခတို့အတွက် တစ်ဧကလျှင် ငွေကျပ် ၆၅၀၀၀ /- နှုန်းဖြင့် ဧက ၇၀ အတွက် ငွေကျပ် ၄၅၅၀၀၀၀/- ကို ထပ်မံပေးအပ်ခြင်း ဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများရရှိခဲ့သဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများက စပါးမျိုးစေ့များကို မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများနှင့် အခြားမြို့နယ်များမှ တောင်သူများထံသို့ မျိုးကောင်းမျိုးသန့်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)