သာကေတ စက်တင်ဘာ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီမှ ဦးဆောင်၍ ဌာန ဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြရာ ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်များတွင် Stay At Home နေထိုင်ကြပါရန် ပြင်ပသို့ မဖြစ်မနေ ထွက်ခွာရပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှလည်း မြို့နယ်အတွင်းရှိ စျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ၊ စျေးဝယ်များအား နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ လက်ဆေးကြရန်၊ သတ်မှတ်အချိန်အတွင်း တွင်သာ ရောင်းချကြရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ အများပြည်သူ သွားလာ လျက်ရှိသည့် စျေးသို့ လာရောက်သည့် အခါတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်ကြရန်၊ စနစ်တကျ လက်ဆေးကြရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး နှိုးဆော်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)