မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တံတားဦး စက်တင်ဘာ ၁၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပညာရေးဝန်ကြီးဌာန တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် အခြေခံပညာကျောင်းများကို ယနေ့နံနက် ()နာရီခန့်က ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် ဆွေမင်းဘိုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တံတားဦးမြို့နယ် ချောင်းခွကျေးရွာအုပ်စု၊ ချောင်းပတ် ကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ခွင့်ပြုငွေကျပ် (၃၂.) သန်းဖြင့် ဆောက်လုပ်သည့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်()ထပ်  အဆောက်အဦကို လည်းကောင်း၊ စပါးတွင်းကျေးရွာအုပ်စု၊ စပါးတွင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းတွင် ခွင့်ပြုငွေကျပ်( ၄၈.)သန်းဖြင့် ဆောက်လုပ်သော အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်()ထပ် အဆောက်အဦတို့ကို ကွင်းဆင်းစစ်ဆေးကြရာ အဆောက်အဦများသည် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌမှ အဆောက်အဦများကို စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး၊ အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျဆောင်ရွက်ရေး၊ အဆောက် အဦသစ်များအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီး ရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို လုပ်ငန်းခွင်၌ တာဝန်ရှိသူများကို ဆွေးနွေးပြောကြား ခဲ့ကြောင်းနှင့် တံတားဦးမြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပညာရေးဝန်ကြီးဌာန တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် အခြေခံပညာကျောင်း() ကျောင်း၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းပေါင်း(၁၂) ကျောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းပေါင်း () ကျောင်းရှိပါကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)