တနိုင်း ဇူလိုင် ၂၆
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တနိုင်းမြို့နယ် လုံးဆိုင်ရာ ရဟန်း၊ သာမဏေများနှင့် သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီက မြို့မ(ဗဟို)ကျောင်းတိုက်၌ ဆောင်ရွက်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒကစမှူး ဦးဆောင်မှုဖြင့် တနိုင်းမြို့နယ်လုံးဆိုင်ရာ ရဟန်း (၇၂)ပါး၊ ကိုရင်(၂၅)ပါး၊ သီလရှင် (၉) ပါး စုစုပေါင်း (၁၁၆)ပါးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။
ဆက်လက်ပြီး ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး သာမဏေ(၂၅)ပါးအား သင်္ကန်း၊ ထီး၊ ဝတ္တုငွေနှင့် သီလရှင် (၉) ပါးအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။
မနောမြေ(တနိုင်း)