လယ်ဝေးမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

လယ်ဝေး ဇူလိုင် ၂၆

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူ ပိုမိုသိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်​ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊“ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်"၊ "မူးယစ်အန္တရာယ်လူ့ရန်စွယ်”၊ "လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့"၊ "မိုင်းအန္တရာယ်အသိပညာပေးခြင်း" စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက် )