ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ တိရစ္ဆာန်များတွင် ဖြစ်ပွားသော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေး

ကျိုက်မရော ဇူလိုင် ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ စာကြည့်တိုက်ခန်းမ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်များတွင် ဖြစ်ပွားသောရောဂါများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk-Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်စိုးလင်းတို့က တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကူးစက်မြန်သော ဗိုင်းရပ်စ်ပိုးမွှားများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အဓိကမွေးမြူရေးခြံများ၏ ဇိဝလုံခြုံရေးနှင့် ဆိုင်သောကူးစက် ရောဂါများဖြစ်ပွားရာတွင် တစ်ခြံကဖြစ်လျှင် နောက်တစ်ခြံက ကူးစက်ပီးထပ်ဖြစ်တတ်တဲ့အတွက် စီးပွားပျက်တတ်ရာ ကူးစက်ရောဂါမှာ အလွန်အရေးကြီးကြောင်း မိမိခြံမှာရှိတဲ့ တိရစ္ဆာန်တွေကို လွှတ်ကြောင်းမွေးမြူခြင်းလုံးဝမလုပ်ရကြောင်း၊ အသုတ်လိုက်မွေး၊ အသုတ်လိုက်လွှတ် မွေးရပြီးဌက်တွေ၊ အခြားတိရစ္ဆာန်တွေ မမြင်အောင်ခြံကို လုံအောင်ကာပြီး အဝင်အထွက် ကန့်သတ်ခြင်း၊ ပြင်ပပုဂ္ဂိုလ်များ၊ မော်တေယ်ယာဉ်များနှင့် တိရစ္ဆာန်များအား လုံးဝပေးမဝင်ရပါ စက်ဘီးတာရာ၊ ကားတာရာတွေမှတစ် ဆင့်ဘက်တီးရီးယားပိုးတွေ ကပ်ပါလာတတ်သဖြင့် ခြံဝတွင်ပိုးသတ်ဆေးဖြန်းခြင်း၊ ခြေလက်ဆေးကြောခြင်း ဖိနပ်အသစ်လည်း လည်ကာတွေလုပ်ရပါ့မယ်၊ မွေးမြူရေးခြံတွင်အခြားအသုံး ဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲ ခြင်းမပြုရပါ၊ ကြွက်၊ ခြင်၊ ယင်စသည့် အကောင်တွေက ဘက်တီးရီးယားပိုးမွှားများကို သယ်ဆောင်လာတတ်၍ တိရစ္ဆာန်များအား ခြင်/ယင်လုံဇကာပါသော အဆောက်အဦးများတွင်ထား၍ မွေးမြူရ​မည်​ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဆွေးနွေးပွဲ အစီအစဉ်ကို ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက် Face Book page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)