ရသေ့တောင် ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီအချိန်က စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ဆေးထိုးနှံရန် လာရောက်သူများ အား ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့က ဌာနဆိုင်ရာမှ (၅၀၁) ဦးထိုးနှံခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထွန်းလင်းကျော်