ကျောက်ဆည် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဲသီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ သူငယ်တော်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် မိရိုးဖလာ(ပက်ကျဲ)စနစ်ဖြင့် စိုက်ပျိုးပါက(၁)ဧက မျိုး(၄)ပြည်ခန့် အသုံးပြုရပြီးနှင့် သိပ္ပံနည်းကျ (ဘောင်စနစ်)ဖြင့် စိုက်ပျိုးပါက (၁)ဧက မျိုး(၂)ပြည်ခန့် အသုံးပြုကြောင်း၊ တစ်ဧကထွက်နှုန်းမှာ (၁၇)တင်းမှ (၂၂)တင်းထွက်ရှိကြောင်း နှင့် တောင်သူများအနေဖြင့် မှိုရောဂါပိုးဒဏ်ခံနိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁)နှင့် ရေဆင်း(၁၄)ပဲတီမျိုးများကိုသာ အဓိထားစိုက်ပျိုးကြသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို ဒါန်းတိုင်-ရန်ဘက်လို၊ ပေတောကြီး-ဘုံကွင်း- စင်းကွန်း-ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-အနောက်ငါးဆူ-ရှားပင် ကျေးရွာအုပ်စုများ တွင် (၁၄၀၀)ဧက၊ လက်ပံပင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ-ဇရပ်ဖြူ-ညောင်ရွေ-သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး-အနောက်ရွာနန်း-လက်ပန်-ညောင်ဝန်း- ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင်(၄၂၂)ဧက၊ သင်္ဂတုံ-အရှေ့သာဂရ-ကလေး-မှိုင်းပန်-ပြည်တော်သာ-ရှမ်းတောင်ဦး-ပုထိုးနီ-ကုလားကျောင်း- အရှေ့ငယ် တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဒါး-ရဲဘော်ကြီး-ရဲယမန်း ကျေးရွာအုပ်စုများတွင် (၈၉၂၀) ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်းဖောင်ရွာ-ကြက်မင်းတွန်-ပတ္တာ-ပင်တ လည်-သမန္တလင်း-မြင်းကဘက်-မုန့်ပေါင်း-လက်ပန်ဇင် ကျေးရွာအုပ်စုများတွင်(၁၃၀)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်း-ဆူးလေကုန်း ပေါက်ပင် ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်ကင်း ကျေးရွာအုပ်စုများတွင် (၁၂၅၀)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တောတွင်-မြေစိုပယ်(၅၇၁)ဧက၊ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင် (ကျောက်ဆည်)