ရန်ကင်း စက်တင်ဘာ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကိုင်ဆောင်လက်မှတ်မရှိသေးသူများအား ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၃)ရက်နေ့ မှစ၍ ရပ်ကွက်များ အလိုက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာမှ ကူးစက်မြန် ကိုဗစ-၁၉ရောဂါ ကြောင့် ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနရုံးတွင်သာဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ် ပြည့် ပြီး သူများထဲမှ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်မည့် သူများ၊ မှတ်ပုံတင် ပျက်စီးသူများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက်ပေးနိုင်ရန် အတွက် သေချာစွာစိစစ်၍ ဆောင်ရွက် ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ကာ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ် တကျဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)