သထုံမြို့ရှိ အ‌ခြေခံပညာကျောင်းများ၌ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သထုံ ဇူလိုင် ၂၆

မွန်ပြည်နယ်၊ သထုံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သထုံမြို့နယ်ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲများကို ယနေ့ နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟောပြောရာတွင် သထုံမြို့ သိမ်ကုန်းရပ်ကွက်ရှိ အထက(၂)နှင့် အထက(၄)ကျောင်း၊ အောက်ကျင်းရပ်ကွက်ရှိ အ.ထ.က(၃) ကျောင်းတို့၌ မြို့နယ်ဥပ‌ဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ

ဦးအောင်သီဟကျော်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေး၏ အဓိပ္ပါယ်နှင့် အမျိုးအစားများ၊ ဥပဒေပါပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသူကျောင်းသားများသိသင့်သည့် ဥပဒေဆိုင်ရာ အချက်အလက်များတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောရာ ကျောင်းအသီးသီးတို့မှ ကျောင်းသူကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားပြီး သိလိုသည်တို့ကို ထပ်မံမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)