တကောင်း စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် မြို့အ၀င်အထွက် ဂိတ်များတွင် ကျန်မာရေးစစ်ဆေးခြင်းလုပ်ငန်းကို မြို့၀င်မုဒ်ဦးရှေ့နှင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တို့တွင် ယနေ့ နံနက်(၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် နေအိမ်ပြင်ပသို့ထွက်သည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရန်နှင့် နောင်ရက်များတွင် နှာခေါင်းစည်း တပ်ဆင်မှု မရှိပါက ဒဏ်ငွေ (၅၀၀၀) ကျပ်ပေး ဆောင်ရမည်ဖြစ်ကြောင်း၊ မြို့တွင်းသို့ ၀င်ရောက်လာသူများအား ခရီးသွားရာဇ၀င်မေးမြန်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ Home Stay သတ်မှတ်ထားသည့် နေရပ်များမှလာသူများအား Quarantine Center ၀င်နိုင်ရန်အတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဉီး ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး Volunteer အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီရိအောင် (ပြန်/ဆက်)