လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Shwo ကျင်းပ

ဇေယျာသီရိ ဇူလိုင် ၂၅

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အနာဂတ်အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့မှ လူငယ်တွေ၏အနာဂတ်သည် နိုင်ငံတော်အတွက်အရေးပါမှု၊ အနာဂတ်တွင် အောင်မြင်သည့်လူငယ်များ ဖြစ်ဖြစ်ဖို့ကြိုစား ရမည့်နည်းလမ်းများ၊ လူငယ်တွေ၏ အနာဂတ်အောင်မြင်ရေးအတွက် နိုငံရပ်ခြားထွက်ပြီး အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)