ပန်ဆိုင်း(ကြူကုတ်)မြို့၌  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား/ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေး

ပန်ဆိုင်း(ကြူကုတ်)   ဇူလိုင်၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့  အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharmထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ကိုဗစ်-၁၉ကာကွယ် ဆေးများထိုးနှံပေးခဲ့ပြီး ဆရာ၊ ဆရာမများကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဇင်မာဖြိုး (ပန်ဆိုင်း)