ကျောက်ဆည် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာသတိုးနွယ် ရေးသားထားသည့် သူတို့ဘာကြောင့် အောင်မြင်သွားကြတာလဲ စာအုပ်အား ယနေ့ နံနက်(၁၀)နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သူတို့ဘာကြောင့်အောင်မြင်သွားကြတာလဲစာအုပ်တွင်ပါရှိသာ ဆင်တွေသွားတဲ့ လမ်း(သို့မဟုတ်) အမှာစာ၊ ပန်းတိုင်ကိုရင်ဘတ်ထဲပို့သူ (သို့မဟုတ်) ဂျွန်နီဝှိုက်(ခ)မူလာ၊ လိုအပ်ချက်ကို အထပ်ထပ် ဖြည့်သူ (သို့မဟုတ်) ဆစ်ဒနီ ပွိုင့်တီယာ၊ စနစ်တကျလုပ်ဆောင်သူ (သို့မဟုတ်) ဗြိတိသျှဘားမားဦးညွှန့် စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က အမြဲသွေးနေတဲ့ ဓားတစ်ချောင်း (သို့မဟုတ်) မောင်ညို၊ဆင်ကန်းတောမထိုးသူ (သို့မဟုတ်) ဝါလ်တာဒေးဗစ် အကြောင်းအရာများနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ပရဟိတနှလုံးသား ပိုင်ရှင်(သို့မဟုတ်) လူဝီဘရောင်း၊ အောင်မြင်မှုရဲ့သင်္ကေတ (သို့မဟုတ်) ဖာဂူဆန် စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေ ချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)