နမ့်ဆန် ဇူလိုင် ၂၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ် ရေးရုံး အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာများက နမောတဿ (၃ )ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထိုနောက် ကြွရောက်တော်မူလာကြကုန်သော မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာ တော်၊ ဇယန်းကြီး ကျောင်းဆရာတော်၊ ဘုရားကြီးကုန်းတော်ပေါ်မှ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်၊ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ အတွင်းရေမှူး ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်တို့က ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ စုစုပေါင်းတန်ဖိုး (၁၈၅၆၀၀၀) ဆယ့်ရှစ်သိန်းငါးသောင်းခြောက်ထောင်ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်ဆရာတော်ထံမှ အနဒမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ ပြန်/ဆက်