မူဆယ်မြို့တွင် လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မူဆယ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုရပ်၊ ရွှေတောင်တန်း ကားဝပ်ရှော့ရုံတွင် ယမန့်နေ့ နံနက် (၁)နာရီ (၅၀)မိနစ်အချိန်က လုပ်ငန်းသုံးရန် တပ်ဆင်ထားသော လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ ဝါယာကြိုးတစ်လျှောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မူဆယ်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်တပ်ဖွဲ့ဝင်(၂၀) ဦးတို့သည် မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း)၊ ကားဝပ်ရှော့ရုံ (၁) ထပ်၊ အိမ်စီးကားငယ် အဟောင်း(၁)စီး မီးလောင်ခဲ့ကြောင်း၊  လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)