တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူများ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တံတားဦး ဇူလိုင် ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူများအား ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ် စာစီကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ဓါတုဗေဒ လက်တွေ့အဆောင်၌ ကျင်းပကြောင်းသိရသည် ။

စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဆွေဦးက “ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့ “ ခေါင်းစဉ်နှင့်အညီ ကျောင်းသား/သူများအား ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၂-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန့်နေ့အဖြစ် သတ်မှတ်ထားပါကြောင်းနှင့် စာစီစာကုံးပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။

တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်း(၈)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၈)ကျောင်း စုစုပေါင်း(၁၆)ကျောင်းတွင် ကျောင်းသား/သူ(၁၁)ဦးက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။  

ရဲတင့်