လှိုင် စက်တင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးရုံးရှိ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် လှိုင်မြို့နယ်အတွင်းရှိ ယမန်နေ့ နံနက်(၁၁) နာရီက ပရဟိတအသင်း(၈)သင်းမှတာဝန်ရှိသူများအားကိုဗစ်-၁၉ အရေးပေါ် ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ယခု ဖြစ်ပွားလျက် ရှိသော (COVID-19)ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံး ပြုရန် အတွက် ပရဟိတအသင်းများမှ စေတနာ့ဝန်ထမ်းများအား ဆက်စပ်လူနာများ၊ထိတွေ့ လူနာများသယ်ယူ ပို့ဆောင်ကူညီရာတွင် အန္တရာယ်မဖြစ်စေရေး အတွက်အန္တရာယ် ကာဝတ်စုံများ ဖြစ်သည့် (PPE)ဝတ်စုံများနှင့် နှာခေါင်းစည်း(Mask)များအားကူညီထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုကဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ရာတွင် ပရဟိတ အသင်း(၈) သင်းအတွက်တစ်သင်းလျှင် PPE ဝတ်စုံ (၁၀) စုံ၊ Mask (၁၀) ဘူး၊ မျက်နှာကာ (Face Shield ) (၁၀)ခု အသင်း (၈) သင်းစာ စုစုပေါင်း (၈၀) စီပေးအပ်လှူဒါန်းခဲ့ရာ ပရဟိတအသင်းများကိုယ်စား ရှားသူလူမှူ ကယ်ဆယ်ရေး အသင်းမှဥက္ကဋ္ဌ ဦးထွန်းမြတ်မင်းက လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။
ကြည်ဇေသော်( ပြန်/ဆက်)