ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရ တမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ဝမ်းတွင်း  ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ဇချမ်းကုန်း အခြေခံပညာ အထက်တန်းကျောင်း-ခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရတမာပင်များစုပေါင်းစိုက်ပျိုးပွဲကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှုးဦးရဲမြင့်သန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများပူးပေါင်း၍ အင်အား(၂၂၅)ဦးတို့က  အမြင့်(၂) ပေနှင့်အထက် တမာပင် (၁၀၀၀)အား  သတ်မှတ်ထားသောနေရာ များတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)