ကျိုင်းတုံမြို့၌ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိ ပညာပေးဟောပြော

ကျိုင်းတုံ  ဇူလိုင် ၂၃

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်အသိပညာ‌ပေး ဟောပြောပွဲကို ကျိုင်းတုံမြို့ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”  ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် “ခေါင်းစဉ်ဖြင့် ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးမုန်တိုင်းအန္တရာယ်များအကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသက်ထွန်းက “မူးယစ် အန္တရာယ်လူ့ရန်စွယ် “ခေါင်စဉ်ဖြင့်မူးယစ်ဆေးဝါးအန္တရာယ်ကို အသိပညာပေးဟောပြော သည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်စိန်သန်း (ပြန်/ဆက်)