မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ပန်တိန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။