ဖားဆောင်းမြို့ မြို့နာမ်ရတနာစျာန်အောင်စေတီတော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ဆုချီးမြှင့်ပွဲကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နာမ်ရတနာစျာန်အောင်စေတီတော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက် ၇ နာရီချိန်က အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။