ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့် မူးယစ်ဆေးဝါအန္တရာယ်တားဆီးကာကွယ်​ရေးအသိပညာ​ပေး​ဟော​​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့်မူးယစ်​ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ည​နေပိုင်းကဖား​ဆောင်းမြို့၊ ​မြောက်ပိုင်းရပ်ကွက်ရှိအ​ခြေခံ ပညာအထက်တန်း​ကျောင်း(ပညာရတနာခန်းမ)​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာ​စောင် ဖြန့်​ဝေခြင်းတို့ကို ဇွန်လ ၈ ရက်နေ့က မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၌  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာသကဲ့သို့ ကယားပြည်နယ်တွင်လည်း  မြို့နယ်ပညာရေးမှူးရုံးများ၊ သက်ဆိုင်ရာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကြေငြာပေးထားရာ ကျောင်းသား ၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ဗန်းမော်မြို့တွင်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ဖန်ခါးကုန်းစစ်ရှောင်စခန်း၌ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၉ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

လွိုင်ကော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်      ဇွန်     ၈ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား ၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ ၊ ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၏သားသမီးများအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၏သားသမီးများအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

က‌မ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်