နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက် /ကျေးရွာ နေပြည်သူများအား ကွင်းဆင်းဆွေးနွေးဟောပြော
လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်း ပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေး စစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းတို့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဆွေးနွေး ဟောပြောခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့ ၊ ပန်ကန်းရပ်ကွက် မှုံပြာကျေးရွာ အဘယသုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။