ရွာသစ်မြို့၌ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဘာရေးနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လွယ်ဝိုင်းကျေးရွာ၊ ဝမ်လွဲ့ကျေးရွာတို့တွင် အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။