ရှားတော အ.ထ.ကကျောင်း၌ (၃၁)ကြိမ်မြောက်ကမ္ဘာ့ကလေးများနေ့(UNCRC Day) အထိမ်းအမှတ် အကြိုအသိပညာပေးခြင်း၊ ဓမ္မဓိဌာန်မေးခွန်းများ ဖြေဆိုခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
ကယားပြည်နယ်၊ ရှားတောမြို့နယ် အ.ထ.ကကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျရောက်မည့် (၃၁)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့(UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်း၊ ဓမ္မဓိဌာန်မေးခွန်းများဖြေဆိုခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။