အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှရန်ပုံငွေမှ ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲ လွိုင်ကော်တွင် ကျင်းပ
ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများ တက်ရောက်ကြသည်။