လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ အသိပညာပေး “Talk Show’’ ပြုလုပ်
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်းကာ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ အသိပညာပေး “Talk Show” ကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။