ကချင်ပြည်နယ်ဝန်ကြီးချုပ် ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် စားသောက်ကုန် လာရောက်လှူဒါန်းမှုကို လက်ခံရယူ၊ ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် တတိယအကြိမ် အလှူငွေလှူဒါန်း၊ ငအိုးကျေးရွာအတွင်းရှိ ဝက်နှင့် ကြက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေး
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းနှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ တရုတ်ယွမ် (၄၅၁၄၇၁) တန်ဖိုးရှိ စားသောက်ကုန်များ မော်တော်ယာဉ် (၄) စီးဖြင့် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။