နောင်မွန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲကြီးစနစ်တကျဖြင့် ချောမွေ့လွယ်ကူအောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နံနက် ၉ နာရီတွင် ဝဏ္ဏကျော်ထင်ဦးဂူရှင်ဖုန်ခန်းမ၌ ကျင်းပသည်။