ကချင်ပြည်နယ်

ပူတာအိုမြို့၌ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌဖလား ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်ထုများအတွင်း အားကစားစိတ်ဓါတ် ထက်မြက်ရှင်သန်လာစေရန်၊ လူငယ်ထုများအတွင်း စည်းလုံးချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်စေရန်နှင့် မိမိဒေသ ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့် လှုပ်ရှားမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်သည့် မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။

ဗန်းမော်မြို့တွင်ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပကို ယမန်နေ့မွန်းလွဲ (၃) နာရီခန့်က ကျင်းပခဲ့သည်။

မံစီမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မစီမြို့မဈေးရှေ့နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်းနှင့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်း၊ အခြေခံစက်ချုပ် သင်တန်းနှင့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ လူထု‌အခြေပြုဗဟိုဌာန (Community Center) ဘက်စုံးသုံးခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၇ ရက်​နေ့ မွန်းလွဲ (၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်း​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ် နွေရာသီကျောင်းပိတ်ရက်ကာလ အ‌‌ခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအ‌ခြေခံပန်းချီပညာသင်တန်းကို ဧပြီလမှ စတင်ဖွင့်လှစ်လျက်ရှိရာ  ‌ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် တနိုင်းမြို့ community centre ခန်းမ၌ ဆက်လက် ဖွင့်လှစ်ပေး လျက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် Introduction to Database System သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ဆုချီးမြှင့်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို မေ ၅ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ အခြေအနေ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေ့သည့် လုပ်ငန်းများအခြေအနေ ညှိနှိုင်‌ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း (ဗန်းမော်)၏ သင်တန်းကျောင်းခန်းမ၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)ဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် ၉နာရီခန့်ကကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်