ကချင်ပြည်နယ်

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်ခြင်းကို ဇွန်လ(၁)ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၆၀)ကျော် စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း စုစုပေါင်း (၆၈)ကျောင်းကို ဇွန်လ(၁)ရက်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ပညာသင်ကြားလျက်ရှိသည်။

တနိုင်းမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ   ယနေ့ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  ပျော်ရွှင်အေးချမ်းစွာ ကျောင်းစတင်တက်ရောက် လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ လူငယ် ရေးရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ သာယာပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဇွန်လ(၁)ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများအား စိတ်အေးချမ်း မြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့်လကုန်လုပ်ငန်းညှိနှိုင်းစည်းဝေးကိုမေလ ၃၁ ရက်ညနေ(၃)နာရီတွင်ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ယမန်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။

ပန်နန်း‌ဒင်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပန်နန်းဒင်မြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲနှင့် IDPs စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ‌ကျောင်းအဝင်မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်