ကချင်ပြည်နယ်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို လွယ်ဂျယ်မြို့အောင်ဇေယျာရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ဇွန်လ ၁၈ ရက် နေ့လည် ၃နာရီ တွင်ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအို-မချမ်းဘော-နောင်မွန်ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ မိုင်တိုင်(၂၆) အင်မွေးတောင်ရှုခင်းသာ(View Point) ဖွင့်လှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသ၏ ‌ရေခဲတောင် သဘာဝအလှများ၊ သားငှက် တိရိစ္ဆာန်များ၊ တောတောင်ရှုခင်း များဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ လည်ပတ်ကြည့်ရှု အပန်းဖြေအနားယူနိုင်ရေး ခရီးစဉ်ဒေသအသစ်များကို အကောင်အထည်ဖော်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် မချမ်းဘောမြို့နယ်၊ အလန်ဂါးကျေးရွာအတွင်း ပူတာအို-မချမ်းဘော-နောင်မွန် ပြည်ထောင်စု လမ်းကြီးဘေး မိုင်တိုင်(၂၆)ရှိ အင်မွေးတောင်ရှုခင်းသာ(View Point)ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ဒေါ့ဖုန်းယန်မြို့၌ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပညာရေးဌာနနှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဇွန်လ ၁၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း မျိုးကောင်းမျိုးသန့် မိုးစပါးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်‌ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်း မိန်းလမ်းမများနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး စနစ်ကျသည့် မြို့ပြစနစ်တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြို့တွင်းမိန်းလမ်းများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်ခရိုင် Community Centre ခန်းမ၌ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show  ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ  Talk Show ကို ယနေ့နေ့လယ် ၂နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့၌ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်ဥပဒေရုံး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယ​နေ့ နံနက် (၉)နာရီက လူထုအခြေပြုခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်