ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျခြင်းများကြောင့် ပလနကျေးရွာအုပ်စုမှ ဘေးသင့် အိမ်ထောင်စုများနှင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် အိမ်ခြေ(၃၀၀) မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။