ကချင်ပြည်နယ်

ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အား စိစစ်ရွေးချယ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) အား ရွေးချယ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့နယ်၌ စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကြဲပက်ခြင်းကွင်းသရုပ်ပြသဆောင်ရွက်

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် တောင်သူများအား မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ် စိုက်ခင်းအား စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကွင်းသရုပ်ပြကြဲပက်ခြင်းကို ဩဂုတ်(၃၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းရှိ မြို့နယ်စိုက်ပျိုးရေးဌာနပိုင် လယ်မြေငါးဧက၌ ကျင်းပသည်။

လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်းတွင် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကို ဩဂုတ်လ ၃၀ ရက် နံနက် ၉ နာရီ ခွဲက ကျင်းပခဲ့သည်။

ရွှေကူမြို့၌ မြို့နယ်အဆင့် ဘာသာရပ်များအလိုက် သင်ထောက်ကူ တီထွင်ဖန်တီးမှု ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ မြို့နယ်အဆင့် ဘာသာရပ်များအလိုက် သင်ထောက်ကူတီထွင်ဖန်တီးမှု ပြပွဲ၊ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့် ဆေးဝါးကု‌‌သပေးခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲက စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။

ဖားကန့်မြို့နယ် ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် ကြိုတင်ကာကွယ် ရေဝိတ်လျှော့ချခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မော်ဝမ်းကြီးမှော်ရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်ကို ဩဂုတ်လ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ထပ်မံ၍ ရေစီးကြောင်းဖောက်ချခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီအထိ ၇ ပေခန့် လျှော့ကျသွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၉ နာရီက တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး မိုးစပါးစံပြစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်၏အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံစေရေး၊ လယ်ယာမြေများအားလုံး စိုက်ပျိုးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၈ ရက် ညနေ ၃ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုး‌နှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ ငွေများ ပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ်(၁) ခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီခွဲက အဆိုပိကျောင်းရှိ ခန်းမ၌ ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်အခွင့်‌အရေးနှင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွား‌ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်အခွင့်‌အရေးနှင့် သက်ငယ်မုဒိမ်းမှုမဖြစ်ပွား‌ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်