တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသခံမိဘပြည်သူများ၊ ဌာနဆိုင်ရာ မိသားစုများ စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၅ ရက် နံနက် (၇) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။