ဝိုင်းမော်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ
လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက် နံနံက် ၉ နာရီအချိန်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းနား)ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က အဖွင့်အမှာစကားပြောကြားသည်။