ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ၂၀၂၄ ခုနှစ် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အားကစားဆပ်ကော်မတီ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဝင်မည့် ပြည်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့တွင် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ် အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် သည်။