မံစီမြို့နယ် ဆိုင်ဝမ့်ကထောင်ကျေးရွာတွင် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် နမ့်မဖွဲကျေးရွာ အမကကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။