ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ခြံစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများအား အားပေးတိုက်တွန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများထံ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။